အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် (Covid-19 Economic Relief Plan) ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ၌ ကျင်းပသည်။
Aug 14,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ၊ မွန်းလွဲ(၂)နာရီအချိန်က ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မီးသတ်ဦးစီးဌာန (မီးသတ်စခန်းရုံး) ရှေ့တွင် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော မီးသတ်ကား၂ စီးအား နတ်ရေကန်ကျေးရွာနှင့် ချောင်းမနားကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် စျေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့များနှင့် ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ထုံးဘိုမြို့အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည်(၁၀)မျိုးမှ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားမှု ရှိ၊ မရှိ ​စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။