အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု ကုန်းကျောင်းကျေးရွာရှိ ရွှေမိုးနဲကုမ္ပဏီက ဆောင်ရွက်သော စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း(၃/၄)မိုင်နှင့် (ပြည်သူ၊ ကျေးလက်၊ ယူနီဆက်) တို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ဆောင်ရွက်သော ကွန်နား ကျေးရွာအုပ်စု လွိုင်လင်းကျေးရွာ ရေပိုက်သွယ်တန်းနေမှုအား
Aug 13,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်ပြည်သူ့ဆေးရုံကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင် (A) ဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 13,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်​သော ကျေးလက်​ဒေသ​နေ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် အသက်​မွေးဝမ်း ကျောင်း အ​ထောက်အကူပြု အ​ခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်​နေ့​နေ့လယ်က လှကဇိုင်း ကျေးရွာ ဘုန်း​တော်ကြီး​ကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
Aug 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် အထွေထွေ အုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကလေးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံ ကျွဲ၊ နွား မွေးမြူသူများ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်မွေးမြူတက်စေရန် ကျွဲ၊ နွားမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
Aug 13,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောပြည်သူများအား ဆက်လက်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းအား ယမန်နေ့ ညနေ(၃)နာရီက ထောက်ပံ့ ပေးခဲ့သည်။
Aug 13,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌