Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူ (Book Club) အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်က လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့မဈေး၌ ပြည်သူများ Mask နှာခေါင်းစည်း တပ်ဆင်ရေး နှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းတို့ကို နေ့စဉ်ကြီးကြပ်ဆောင်ရွက်
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြို့မစည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ Mask နှာခေါင်းစည်းများတပ်ဆင်ထားခြင်း ရှိ/မရှိနှင့် သတ်မှတ်နေရာများတွင် ဈေးရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်းတို့ကို မြို့နည်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက နေ့စဉ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းတွင် မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Aug 13,2020
မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓာတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ်စေရေး၊ လေပြင်းတိုက်ခတ် ခြင်းကြောင့် သစ်ပင်ပြိုလဲအန္တရာယ်များ မဖြစ်စေရေးတို့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊သ င်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြေယာ၊ ရှုခင်းနှင့် အားကစားဌာနမှ ယမန်နေ့က (င/ခ)ရပ်ကွက် လမ်းမပေါ်ရှိ လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ အသိပညာပေးပြသ
Aug 13,2020
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရ…
Aug 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းခွဲများအား ကျေး/လက်ဦးစီးဌာန နေပြည်တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စုဟန် ၊ ပြည်နယ် ကျေး/လက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖောနှင့် ယူနီဆက်မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင်အတွင်းရှိ ပုံစံ(၈)ဝင်သစ်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့နှင့်မင်းကင်းမြို့များမှ ပုံစံ(၈)ဝင် ကျွန်း၊ တမလန်း၊ ပိတောက်၊ အုပ်စု (၁) ( သစ်လုံး/ခွဲသား)များ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း ၉ နာရီ အချိန်က ကလေးခရိုင် သစ်တောရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်…
Aug 13,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော ၁၆ ကုတင်ဆံ့ စံကိုက်တိုက်နယ်ဆေးရုံနှင့် စည်ပင် လုပ်ငန်းများအား အရည်အသွေးပြည့်မှီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ကလေးများအား မျက်စိအားဆေးနှင့် သံချအားတိုးဆေး တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာ ရေးဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာလအတွင်း ယာယီ ရပ်နားထားခဲ့သော ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဇွန်လ(၁) ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက်နှင့် သုဝဏ္ဏ (၂၉) ရပ်ကွက်များသို့ ကွင်းဆင်းကာ မျက်စိအားဆေး နှင့် သန်ချအားတိုးဆေးများကို အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ကွင်းဆင်းတိုက်ကျွေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30127
Page
30128
Page
30129
Page
30130
Current page
30131
Page
30132
Page
30133
Page
30134
Page
30135
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department