Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Box Culvert များအား ကွင်းဆင်းကြည့်ရှု
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေကြီးရေလျှံမှုများ မဖြစ်စေရေး အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Box Culvert များအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်၊ မြို့နယ်/ရပ်ကျေးဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှု သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာ၌ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာ၌ ကလေးငယ် များအား ဗီတာမင် အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် မွေးမြူရေးသင်တန်း ဖွင့်လှစ်
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုသက်သာရေး အစီအစဉ်(CERP)အရ တောင်သူများ မွေးမြူရေးလုပ်ငန်း ထိခိုက်မှုနည်းပါး စေရေး၊ မေထုန်မဲ့သားစပ်သင်တန်း (၄/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက်က သန်လျင်မြို့ရှိ ခရိုင်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့၌ မိုးစပါးဆင်းသုခ မျိုးစေ့ထုတ် တောင်သူများအား နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်နည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေဖြစ်သော ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးဆင်းသုခ (RS) မျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက်(၁၀)နာရီ အချိန်က နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြား
Aug 12,2020
၂၀၂၀-၂၀၂၁ ပညာသင်နှစ် လမ်းမတော်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်း များ ဆောင်ရွက်နေစဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက်သည့် လုပ်ငန်းများစစ်ဆေးနိုင် ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 12,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ဌာနဆိုင်ရာလုပ်ငန်းများ စစ်ဆေးနိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစီစစ် အကြံပြုရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သံတောင်ကြီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် အတွင်းရှိ ရပ်ကွက် ၊ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်း လာရောက်ကြည့်ရှုသူ ( ၆၅၀၀၀ ) ဦးရှိ
Aug 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို နတ်မောက် မြို့နယ်တွင် ဇူလိုင် လ ၂၅ ရက်နေ့ မှ စတင်ပြီး ဩဂုတ်လ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး (၂၃၄)ရုံး တို့တွင် ကပ်ထား ကြေညာလျက်ရှိရာ ယနေ့ အချိန်အထိ နတ်မောက် မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ(၆၅၀၀၀)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30148
Page
30149
Page
30150
Page
30151
Current page
30152
Page
30153
Page
30154
Page
30155
Page
30156
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department