အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁) လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာ၌ လျှပ်စစ်မီးကြိုးနင်းမိရာက ဓာတ်လိုက် သေဆုံးခဲ့သည့် မမျိုးသူဇာဝင်း၏ မိသားစုဝင်များနှင့် မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်မိုးဝါတို့ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများကို လာရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။
Aug 12,2020
ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးကန်ဘောင်နှင့် မြို့တွင်းရေးဆင်းမြောင်းများ သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ဘောင်သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက်များနှင့် ကမ်းကပ်အပင်များ စနစ်တကျကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။