Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေနံချောင်းမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၃၀ အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်
Aug 06,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဩဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က မိုးသည်းထန်စွာ ရွာသွန်း မှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် ရေဘေးသင့်ခဲ့သည့် မိန်းမလှကျွန်းကျေးရွာနှင့် လမ်းလုပ်သားအိမ် ထောင်စု ၃၀ အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေ တိုက်စားမှုအခြေအနေ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Aug 06,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၉၁ ဒသမ ၄ သန်းဖြင့် ထက်ရွှေအိမ်စံကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်သည့် ခန္တီးမြို့ ပေါမိုင်းရပ်ကွက်၊ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေတိုက်စားမှု အခြေအနေကို ဩဂုတ်လ ၅ ရက် ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း မြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် စည်ပင်သာယာရေးကော်မတီ ဦဘကြိုင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ကမ်းနားမြေသားအနည်းငယ် တိုက်စားနေမှုကိုသာတွေ့ရှိရပြီး ကမ်းပါးထိန်းနံရံအောက်ခြေမှာ ကွန်ကရစ်အခိုင်အမာ တည်ဆောက်ထားခြင်းကြောင့် ပြိုကျ ပျက်ဆီးနိုင်မှုအခြေအနေမတွေ့ရှိရကြောင်းစိစစ်တွေ့ရှိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီညှိနှိုင်းအစည်းအဝေး ထားဝယ်မြို့၌ကျင်းပ
Aug 06,2020
တနင်္သာရီတိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့၌ ကိုဗစ် -၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်အရ ဝက်မွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 06,2020
ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ကာလဖြေလျော့မှုများတွင် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ ဆောင်ရွက် နိုင်ရန်အတွက် ကိုဗစ်-၁၉၏စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ဖွင့်လှစ်သောဝက်မွေးမြူရေးသင်တန်းကို ယမန်နေ့ နံနက်၁၀နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Aug 06,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြန်ဆန်စွာရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာညောင်ဦးခရိုင်ရုံးမှ
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်၊ ဥတ္တရခရိုင်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ
Aug 05,2020
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၉၁)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၄ ရက်နေ့၊ ညနေ(၆)နာရီအချိန် က(၆)ဉီး နှင့် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က(၈၅)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၉၁)ဉီးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်
Aug 05,2020
ကျောက်တံတား မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေစီးရေလာ ကောင်းမွန် စေရန်အတွက် ၃၇ လမ်း(မဟာဗန္ဓုလလမ်း နှင့်အနော်ရထာလမ်းကြား)ရှိ ရေမြောင်းများ တူးဖော်ခြင်း၊ ရေမြောင်းဘောင်များပြုပြင် ခြင်းနှင့် ရေမြောင်းဖုံးများအသစ်လဲလှယ်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30209
Page
30210
Page
30211
Page
30212
Current page
30213
Page
30214
Page
30215
Page
30216
Page
30217
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department