Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်ထား
Mar 26,2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ထားကြောင်း ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်မှ ပြည်ပနိုင်ငံများတွင်အလုပ်လုပ်၍ နေရပ်ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသိပညာပေးဟောပြေ…
Mar 26,2020
ဘီးလင်းမြို့နယ်မှ ပြည်ပနိုင်ငံများတွင်အလုပ်လုပ်ကိုင်ပြီး ပြန်လာကြသောနေရပ်ပြန် ပြည်သူများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Mar 26,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံများနှင့်အပူချိန်တိုင်းကိရိယာများ ပေးအပ်လှူဒါန်း
Mar 26,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် လူနာများအားကိုင်တွယ်ရာတွင်အသုံးပြုမည့် PPE ဝတ်စုံ အစုံ (၄၀) ကိုတာဝန်ရှိသူမျာက အလှူရှင်များကိုယ်စား မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ မြင့်သိန်းဦးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသခြင်းလုပ်ငန်းအတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများလှူဒါန်း
Mar 26,2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအနှံ့ ကူးစက်ပျံ့ပွားလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် စေနာရှင်အလှူရှင်များက ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ကုသခြင်းလုပ်ငန်းတွက် အလှူငွေနှင့် ဆေးရုံသုံး စက်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဟောပြော
Mar 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျေးရွာများသို့ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပညာပေးခြင်း ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးအား နေအိမ်တွင် Home Quarantineစောင့်ကြည့်မှု ခံယူဆောင်ရွက်
Mar 26,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်နေ ဒေါ်နူကုန်း၏ နေအိမ်သို့ ယမန်နေ့က ရောက်ရှိလာကြောင်း သိရှိ၍ ရိခေါ်ဒါရ်မြို့အုပ်ချုပ် ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့အဖွဲ့သည် အဆိုပါ အမျိုးသမီးရောက်ရှိသည့် နေအိမ်သို့ သွားရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့အဝင် တိုးဂိတ်နှင့် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံ တိုးဂိတ်တို့၌ COVID-19 ရောဂါကာကွယ်ရေး ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 26,2020
မြန်မာနိုင်ငံအနှံ့မှ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများကို မူဆယ်မြို့အဝင် Oriental Highway တိုးဂိတ်နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံ Oriental Highway တိုးဂိတ်တို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ကော်မတီ (မူဆယ်)၊ ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ နံနက် ၁၁ နာရီက စတင်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30244
Page
30245
Page
30246
Page
30247
Current page
30248
Page
30249
Page
30250
Page
30251
Page
30252
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department