Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေးအသိပညာပေးနှိုးဆော်
Dec 02,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကိုမီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဂဝံခင်းခြင်းလုပ်ငန်းများ ဆောင်…
Dec 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာမှုအဆင်ပြေချောမွေ့စေရေး ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆိတ်သာကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပျဉ်းမကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ဂဝံခြင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club ပူးပေါင်း၍ အသိပညာပေးဟောပြော
Dec 02,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက မှတ်တိုင်လမ်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား ကျောင်းသူများအား အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club(စာပေချစ်သူများအသင်း) တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်
Dec 02,2025
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး door to door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် နိုဝင်ဘာ ၂၇ ရက်က စတင်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နှင့် ကျေးရွာများသွားလာရေးအဆင်ပြေစေရန် နန်းဦးချောင်းကူးတံတား စတင်တည်ဆောက်
Dec 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်၊ တာကြီးတန်း မြို့မပတ်လမ်းကမ်းပါးရှိ နန်းဦးချောင်းကျော်တံတားဆောင်ရွက်နေခြင်းကို ယမန်နေ့နံနက်ပိုင်းကစ၍ ထားဝယ်ကြီးကျောင်းတိုက်ဆရာတော်ဦးဆောင်၍ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ ပူးပေါင်းကာဧရာဝတီမြစ်ရိုးချောင်းကူးတံတား စတင်တည်ဆောက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး
Dec 02,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က တောရကြီးပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းအတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ မဲပေးစက်များထားရှိရာနေရာ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 02,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်များထားရှိရာ နေရာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် စစ်ဆေးပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 02,2025
ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
307
Page
308
Page
309
Page
310
Current page
311
Page
312
Page
313
Page
314
Page
315
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department