Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကွမ်းခြံကုန်းမြို့နယ်၌ တောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာပေးအပ်ပွဲ ကျင်းပ
May 23,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် သမဝါယမဦးစီးဌာနက ပြည်သူအတွက် အကျိုးပြုဆောင်ရွက်မှုတစ်ရပ်အနေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို မေ ၂၁ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ
May 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များတွင် မိဘပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်အတွက် ရည်ရွယ်ပြီး မေ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် ဗညားဒလလမ်းရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် တာမွေကြီး(ခ)ရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ ကျင်းပ
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထ ပိုမိုထွန်းကားလာစေရန်နှင့် စာဖတ်ခြင်း၏တန်ဖိုးကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ခြင်း၏အကျိုး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 22,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမတွင်ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
May 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်သင်တန်း ဖွင့်လှစ်
May 22,2026
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို ယနေ့နံနက်က စတင်ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ ဟောပြောပွဲ၊ မူလတန်းပြ ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲနှင့် န…
May 22,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးရေးရာအဖွဲ့မှ ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အမျိုးသမီးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာသို့ နေ့လယ်စာနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်…
May 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာရှိ အမျိုးသမီးငယ်များအား နေ့လယ်စာနှင့် အသုံးအစောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မေလ ၂၀ ရက်နံနက်ပိုင်းက အဆိုပါဂေဟာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
307
Page
308
Page
309
Page
310
Current page
311
Page
312
Page
313
Page
314
Page
315
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department