Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ပျဉ်ထောင်တွင်းကျေးရွာရှိ သဒ္ဓမ္မရံသီဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၀၉:၃၀) အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးသို့တက်ရောက်
May 22,2026
အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အစိုးရသစ်အနေဖြင့် ပြည်သူလူထုအကျိုးရှိစေမည့်လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနအသီးသီး၏ ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ချမှတ်ထားသည့်မူဝါဒ၊ လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလအတွင်းမှာ ထိထိမိမိနဲ့ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တိုးတက်မှုရလဒ်များပေါ်လွင်ပြီး အချိန်မီပြီးစီးအောင် ကြိုးစားပမ်းစားလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများလျာထားမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးကြရန်၊ မြေပြင်အခြေအနေမှန်ကိုသိရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်မြန်ဆန်မှုကို အထောက်အကူပြုနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့် အတွက် ဝိုင်းဝန်းရှင်းလင်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စိုက်ပျိုး၊ မွေးမြူရေးတောင်သူများနှင့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခြင်းနှင့…
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မေလ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် ထမံသီ-လေရှီး-ဆွမ္ပရာ-ပန်ဆက်ကားလမ်း မိုင်တိုင်အမှတ် - ၃၄/၃၅ ကြားရှိ မြေထိန်းနံရံပြိုကျပျက်စီးကာ ပြန်လည်ရှင်းလင်းဖယ်ရှားပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်၌ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ စုပေါင်းကြဲပက်
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၇၀ B ရှိ တောင်သူ ဦးချစ်ဝင်း၏ လယ်မြေ ၅ ဧကကွင်းတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် တာဝန်ရှိသူများက တောင်သူလယ်သမားများနှင့်စုပေါင်း၍ မျိုးစေ့များကြဲပက်စိုက်ပျိုးပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး စပါး…
May 22,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ကျေးရွာများ၌ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၂၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး၍ ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား များအား ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကိုယမန်နေ့နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက် (၁၃) လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
May 22,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ Home Garden စီမံချက်ဖြင့် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် တစ်ဧကစိုက်ခင်းသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်အကြောင်း အသိပညာပေးဟော ပြောခြင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိပညာပေးဟောပြောခြင်းနှင့် သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြိုနယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
310
Page
311
Page
312
Page
313
Current page
314
Page
315
Page
316
Page
317
Page
318
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department