အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊  ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍  ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီက လူစည်ကားရာ မြို့မစျေးရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 
Dec 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့်တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် နိုဝင်ဘာ ၃၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူ (၄၇၅) ဦးအား ငရုတ်ကောင်းမြို့တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့သည်။
Dec 02,2025
ကျောင်းအခြေပြု၊ ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးထိုးနှံခြင်း အသက် ၉ နှစ်မှ ၁၁ နှစ် (၁၂ နှစ်မပြည့်သေးသူများအထိ) မိန်းကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံခြင်းအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2025
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား ယမန်နေ့ နံနက် (၉) နာရီတွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး အိမ်တိုင်ရာရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် ကူမဲမြို့ပေါ်ရှိရပ်ကွက်များတွင်မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံး‌ရှုံးစေရန် အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း(Door to Door)မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးစိစစ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ၁ရက်တွင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။