Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေကြည်မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်
Dec 01,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ ပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိအမည်ပါမပါ သိရှိနိုင်ရန် အတွက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာများအတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားက…
Dec 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုဝင်ဘာလအတွင်း ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ ဘန်ဂါလီစွန်နီဂျာဗလီခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြည့်စုံမှန်ကန်ရေး Door to Door မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက် …
Dec 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအပေါ် ပြည့်စုံမှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရန် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်း ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများမှ Door to Door မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံနေကြာ Super Sun 41 မျိုးအစေ့ချ စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Dec 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ၊ ကွင်းအမှတ် (၁၂၆၇)၊ ဦးပိုင်အမှတ် (၆၄/၁)ရှိ တောင်သူဦးမောင်ရှင်၏ လယ်မြေ(၃.၀၀)ဧက၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၅- ၂၂၀၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံနေကြာ Super Sun 41 မျိုး စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့နယ်၊ကမမောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ရပ်ကွက်/ကျေးရွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက…
Dec 01,2025
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် ပါ/မပါအား သိရှိနိုင်ရေး၊ ကျန်ရှိမှု မဖြစ်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်တွင်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ဝါကော်ကျေးကျေးရွာအုပ်စုနှင့် အမှတ် (၂) ရပ်ကွက်များသို့ နံနက်(၈)နာရီမှ စတင်ကာ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်
Dec 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ကျေးအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် မြို့သစ်ရပ်ကွက်တွင် စားသုံးသူရေးရာ အသိပညာပေးပွဲဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်
Dec 01,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
322
Page
323
Page
324
Page
325
Current page
326
Page
327
Page
328
Page
329
Page
330
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department