Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့်Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပ…
May 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ တောင်ကြီးမြို့နယ်ပညာရေးမှူး ဦးဇော်လှိုင်ထွန်း ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ လူနေအိမ်အတွင်းရှိ တရုတ်မန်ကျည်းပင်မှ အရှည် (၄၀) ပေခန့်ရှိသော ကိုင်းပွားကျိုးကျမှု ရှင်းလင်းခြင်းဆောင်ရွက်
May 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မီးသတ်စခန်း၏ အနောက်ဘက် (၁) မိုင်ခန့်အကွာ ထန်းတောရပ်ကွက်၊ ကျွန်းဆွယ်ရပ်၊ နယ်မြေ(၅)၊ အင်းပတ်လမ်းရှိ ဦးဝင်းလှိုင်၏ နေအိမ် ခြံဝန်းအတွင်းရှိ တရုတ်မန်ကျည်းပင်မှ အရှည် (၄၀) ပေခန့်ရှိသော ကိုင်းပွားကျိုးကျ၍ မီးကင်းအဆောက်အဦပေါ်သို့ ပိနေကြောင်း မေလ ၂၄ ရက် နံနက်ပိုင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇင်ဖိုအောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား (၂+၈) ဦး၊ ထန်းတောရပ်ကွက် အရန်မှ အင်အား (၂၀) ဦး၊ ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ အင်အား (၅) ဦးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ Quick Win ရက် ၁၀၀ စီမံချက်အတွင်း စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား ချေးငွေပေးအပ်
May 25,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် (ဌ)စျေးအား မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေးစစ်ဆေး
May 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဝေဘာဂီလမ်းမကြီး၊ (ဌ)ရပ်ကွက်ရှိ (ဌ)စျေးအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က အဆိုပါဈေးအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မိုးရာသီသစ်ပင်စိုက်ပွဲ၌ စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်အောင်မြင်မှု အခြေအနေအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ သတ္တမအကြိမ်မြောက် တိုင်းအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ စိုက်ပျိုးခဲ့သည့် စိုက်ပင်များရှင်သန်အောင်မြင်မှု အခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၌ လမ်း၊ တံတားလုပ်ငန်းများအတွက် တင်ဒါအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနား ကျင်းပ
May 25,2026
မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများအတွက် ပစ္စည်းတင်ဒါနည်းပညာအဆိုပြုလွှာစာအိတ်(A) နှင့် လုပ်ငန်းတင်ဒါနည်းပညာအဆိုပြုလွှာ စာအိတ် (A) များ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို မေ ၂၁ ရက်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
May 25,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင် ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ရေတာရှည်မြို့နယ်အတွင်းရှိ နတ်ရေတွင်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ အမှတ်(၁)အခြေခံပညာ ကျောင်းဝန်းအတွင်းသန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်း…
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်နေ့ နံနက် (၇) နာရီက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ် မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
423
Page
424
Page
425
Page
426
Current page
427
Page
428
Page
429
Page
430
Page
431
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department