အမြို့မြို့အနယ်နယ်သတင်းများ

May 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့အတွင်းရှိ အခြေခံပညာ‌ကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ ကျောင်းသူများအားမေလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းအား လက်ခံလျက်ရှိကြောင်း သိရသည်။
May 25,2026
တောင်ကြီးမြို့နယ် စာရေးဆရာအသင်းအလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲပြုကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
May 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေး‌ဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ေမ ၂၃ ရက်နေ့နံနက် ၁၀ နာရီက လွယ်ကိုးကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 25,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေးပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၁)ရှေ့နှင့် မြို့နယ်ပညာ‌ရေးမှူး ရုံး‌ရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 25,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် Grade-10 ၊ Grade-11 ၊ Grade-12 သင်ကြား ရေးတာဝန်ယူကြမည့် ဆရာ၊ ဆရာမများအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
May 25,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာ အောင်သင်းရေးသားထားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းအား ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community )ခန်းမ၌ကျင်းပသည်။
May 25,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း အတွင်းရှိ ဖူဆယ်ကွင်းတွင် ဖွင့်ပွဲပြုလုပ်ကျင်းပသည်။