Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်တလင်းမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာ အသိပညာပေး
May 23,2026
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ မေ ၂၂ ရက်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်တက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာစေပြီး အရည်အသွေးရှိသော ကျောင်းသား/ကျောင်းသူများ ပေါ်ပေါက်လာစေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၂ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးစေရေး အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
May 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သုတ၊ ရသစာအုပ်စာစောင်များအား စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းအား ယနေ့နံနက် (၁၀)နာရီက ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် Online လိမ်လည်မှုလုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေး အသိပညာပေ…
May 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်း သားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာအတွင်း Online လိမ်လည်မှုလုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေးအတွက် မေ ၂၂ ရက် နံနက် ၉ နာရီက မိုင်းလွေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်…
May 23,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် "ဘဝအလင်းသစ်" စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများ ရရှိပြီး ဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောပွဲကို သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 23,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေ ၂၁ ရက် နံနက် ၇ နာရီချိန်က အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းနှစ်ဦး၏ အိမ်အပြန်ခရီးလမ်းအား မိသားစုဝင်များ၊ ရပ်ကွက်ပြည်သူများ ဂုဏ်ပြုကြ…
May 23,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းတာဝန်အား သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အိမ်ပြန်လာသည့် ပြည်သူ့စစ်မှုထမ်းနှစ်ဦးကို မေ ၂၂ ရက် နံနက်ပိုင်းက အိမ်ပြန်လမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
485
Page
486
Page
487
Page
488
Current page
489
Page
490
Page
491
Page
492
Page
493
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department