Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မောက်မယ်မြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့် ဆရာ/ဆရာမများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်
May 23,2026
နိုင်ငံတော်၏ လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာအလယ်တန်းအဆင့်သည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင် ပါရှိသောကြောင့် မြို့နယ်အတွင်းရှိ အလယ်တန်းပြ ဆရာ/ဆရာမများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 23,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၂ ရက် နံနက် ၈ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်း
May 23,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားဆောင်ရွက်မှုအဖြစ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ် အ.ထ.က(နမ့်စန်)ကျောင်းရှေ့တွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူ
May 23,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)ရှေ့ ပြည်ထောင်စုလမ်းမကြီးအနီးတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးခြင်း၊ နွားမွေးမြူရေးခြံသို့ ကွင်းဆင်း၍ ကုသရေးဆိုင်ရာများ…
May 23,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးခြင်း၊ တိရစ္ဆာန်များကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မေ ၂၂ ရက်နေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲ တတိယဆုရ အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
May 23,2026
၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ''ဘော်လီဘော''ပြိုင်ပွဲတွင် တတိယဆုရရှိသော မိုင်းဆတ်ခရိုင် အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
May 23,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး (မြို့ပေါ်လုံခြုံရေးတာဝန်) မွမ်းမံသင်တန်းဆင်းပွဲကို ယမန်ရက်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂၄၈) ခြေလျင်တပ်ရင်းစားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်ရင် တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်အတွင်းရှိ ရောင်းချနေသည့် မျှစ်များတွင် တာရှည်ခံဓာတုဆေးဝါးများ အသုံးပြုထားခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်…
May 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သန်လျင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် ခရမ်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ခရမ်းမြို့မဈေးအတွင်းရှိ စားသောက်ကုန်များ ရောင်းချနေသည့်ဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ မျှစ်အရောင်းဆိုင်များရှိ မျှစ်များတွင် တာရှည်ခံဓာတုဆေးဝါးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယမန်နေ့က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ အဆိုပါ တာရှည်ခံ ဓါတုဆေးဝါးများ အသုံးပြုထားသော မျှစ်များ မရောင်းချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
487
Page
488
Page
489
Page
490
Current page
491
Page
492
Page
493
Page
494
Page
495
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department