ကရင်ပြည်နယ်

ကမမောင်းမြို့၌ ရက် (၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်များကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်သည်။

သံတောင်ကြီးမြို့နယ်တွင်မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်   မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဆရာမများက ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို မေ ၇ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယနေ့နံနက် ၇ နာရီခွဲက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး(Training of Trainers) သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ‌ ပေါ်ထွန်းလာစေရေးအတွက် (Training of Trainers)သင်တန်းကို မေ ၅ ရက် နံနက်ပိုင်း က ဘားအံခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ဖွင့်လှစ်သည်။

လှိုင်းဘွဲ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မွေးမြူရေးကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးထိုးလုပ်ငန်းကို မေလ ၅ ရက်နေ့က ရွာသေးအေး မွေးမြူရေးဇုန်နှင့် ကမော့ကချူး မွေးမြူရေးဇုန်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြဝတီမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ နွား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ မြဝတီမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးသင်တန်းနှင့် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ အများပြည်သူစားသုံးရန်အတွက် ရောင်းချသည့် အသားဆိုင်များအား စစ်ဆေးခြင်း၊ တိရစ္ဆာန်အစားများအတွက် ကောက်ရိုးမြက်တို့အား ပြုပြင်မှုသရုပ်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၆) ရပ်ကွက်၌ ကျွဲ၊ နွား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

ယနေ့ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နံနက် (၈)နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမနှင့် ဇွဲကပင်အားကစားရုံတို့၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique Indentity ကတ်များ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်မရှိသူများ ထုတ်ပေးခြင်းကို နောကောကျေးရွာအုပ်စု၌ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ ကမ္ဘာ့ကြက်ခြေနီနေ့ ” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် “ ကမ္ဘာ့ကြက်ခြေနီနေ့ ” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
Subscribe to ကရင်ပြည်နယ်