ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ
ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး အားကစားပြိုင်ပွဲမှတစ်ဆင့်ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေးရည်ရွယ်၍ ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာ၌ ကျင်းပခဲ့သည်။