ကရင်ပြည်နယ်

ကရင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်ခံတိုင်းရင်းသားကိုယ်စားလှယ်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုသည် ရွေးချယ်ခံတိုင်းရင်းသားကိုယ်စားလှယ် (၃) ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဘားအံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ဘားအံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။

ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈:၀၀ နာရီက ရွှေဖားစည်အိမ်ရာ(၂) အခန်း၌ ပြုလုပ်ခဲ့သည်။

(၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့်လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရေး စက်ရုံဖွင့်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မည့် ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံဖွင့်ပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ဘားအံစက်မှုဇုန်၌ ကျင်းပသည်။

သံတောင်ကြီးမြို့တွင်ဝက်များဈေးကောင်းရရှိသည့်အတွက်တစ်ပိုင်တစ်နိုင်ဝက်မွေးခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့်စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးကြသော်လည်း ယခုအချိန်တွင်ဝက်များ ဈေးကောင်းရရှိလာသည့်အတွက် တစ်ပိုင်တစ်နိုင်ဝက်မွေးခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်လာကြကြောင်းသိရသည်။

လိပ်သိုဒေသတွင် မရမ်းသီးမှည့်များ လှိုင်လှိုင်ပေါ်ချိန် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို‌ဒေသတွင် ရာသီပေါ်သီးနှံဖြစ်သော  မရမ်းသီးများ ရင့်မှည့်လာပြီဖြစ်၍ ​ဒေသခံများမှာ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံမှ စိုက်ပျိုးရေများ ဖြန့်ဝေပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ် ရေလှောင်တမံမှ နွေစပါးစိုက်ခင်းများနှင့် နွေသီးနှံများ၊ စားဖိုဆောင်သီးနှံ စိုက်တောင်သူများအတွက် စိုက်ပျိုးရေများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေဘုတ်ရေလွဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးခဲ့ကြောင်း လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးထံမှ သိရသည်။

ပြည်နယ်လူမှု‌ရေးရာဝန်ကြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား အာဟာရအားပြည့်အချို‌ရည်များဝေငှ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား အာဟာရအားပြည့်အချိုရည်များအား ထောက်ပံ့လှူဒါန်း လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုကြသည့်ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်အချိုရည်များ လိုက်လံ ဝေငှပေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော် အကြိုမိတ်ဆက်

 တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြိုမိတ်ဆက်ခြင်းအခမ်းအနားကို မတ် ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်