နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲဆုချီးမြှင့်
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်ညမှစ၍ ဒုံးအဖွဲ့(၂၀)ဖွဲ့ ဖြင့် ကပြဖျော်ဖြေယှဉ်ပြိုင်စေခဲ့ရာ နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ဒုံးအကပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဆုချီးမြှင့်သည်။