သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ်ငါးလုံးထိခိုက်ပျက်စီး
ကရင်ပြည်နယ် သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ ဇူလိုင် ၂၆ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဇူလိုင် ၂၈ ရက် ညပိုင်းတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။