ကရင်ပြည်နယ်

ပိုင်ကျုံမြို့ရှိ  ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိကျေးရွာများသို့ ယာယီပြောင်းရွှေ့နေထိုင်သည့် ယာယီနေရပ်စွန့်ခွာသူများအား ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော‌ ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁၀ ရက်နေ့က ပိုင်ကျုံမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းကျဆင်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်

ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ်   ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊  တညှင်း၊ ဒူးရင်း၊  ကော်ဖီ၊ မင်းကွတ်  စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယခုနှစ်တွင် မြေပြိုမှုကြောင့်  ဉယျာဉ်ခြံမြေများပျက်စီးခြင်း၊  မိုးများပြီးဖာလာအသီးများ ပျက်စီးခြင်းတို့ကြောင့် ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက်  ဈေးကောင်း ရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ (၃:၃၀) နာရီ ကျောင်းဆင်းချိန်များတွင် ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်/ စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက် တောင်ပေါ်ငရုပ်သီးစိမ်းများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ တောင်ယာခင်းများတွင် ငရုပ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ ကစို‌ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုရှိ အ.လ.က (ခွဲ) ဝင်းကမော့နှင့် မူလွန်ငှက်ပျော‌တောတို့၌ ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအား ကျောင်းသားလူငယ်များတို့မှ အသိပညာရရှိရန် ရည်ရွယ်၍ စက်တင်ဘာ ၉ ရက်နေ့က အသိပညာပေးဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။   

ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို စက်တင်ဘာ ၉ ရက်နေ့နံနက် ၁၀ နာရီက ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေ ရေး(Training of Trainers)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကာလတိုအတွင်း စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရန် စက်ကိရိယာများ ပိုမိုသုံးစွဲ

ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် ကာလတိုအတွင်း စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး လယ်ယာလုပ်ငန်းခွင်ကို စက်မှုလယ်ယာစနစ်သို့ကူးပြောင်းပြီး စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် ပြည်နယ်စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် (၂၀) စက်မှုလယ်ယာစခန်း (ဘားအံ) မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ရဲသာ(ကမော့ကစင်) ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၈၇၊ ကမော့ကစင်အရှေ့ကွင်း တောင်သူဒေါ်မူးဖေါင်ဆိန့်၏လယ်မြေ၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကရင်ပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စက်တင်ဘာ ၈ ရက် နေ့လယ် (၁) နာရီတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်