ကရင်ပြည်နယ်

လိပ်သိုဒေသ၌ ဒေသမျိုး ​ကွမ်းသီးပင်များကို ပျိုးထောင်စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကွမ်းပင်စိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများမှ ဒေသခံများမှာ ဒေသမျိုး ကွမ်းသီးပျိုးပင်များ ပျိုးထောင်ထားလျက်ရှိနေကြောင်း သိရသည်။

နွေရာသီရေကြောင်း လူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းသား၊ သင်တန်းသူများ အတွေ့အကြုံရှင်း

ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ သည့် နွေရာသီရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဘားအံစခန်းမှ သင်တန်းသား၊ သင်တန်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

နွေရာသီ ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ အတွေ့အကြုံရှင်း

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် နွေရာသီရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဘားအံစခန်းမှ သင်တန်းသား၊သင်တန်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။

ပိုင်ကျုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကို မေလ (၂၂) ရက်၊ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား အခြေခံပညာကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပေးဆွေးနွေးပွဲနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်းလက်တွေ့ကွင်းဆင်းပြသပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ်အတွက် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း အဆင့်ဆင့်လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က  ကွမ်တာကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် လက်ဖက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုင်ဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ မိမိတို့၏ နေအိမ်ခြံဝင်းများအတွင်းတွင် လက်ဖက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြ ရာမှ မိမိတို့ စားသုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့၊အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

မြဝတီမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ  ကျောင်အပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား အခြေခံပညာကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိသည်။
Subscribe to ကရင်ပြည်နယ်