ချင်းပြည်နယ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း (၄၃) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၃၀၆၀) ဦးတက်ရောက်

တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ သက်ဆိုင်ကဏ္ဍများအလိုက် တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့တွင် ခေတ္တတိမ်းရှောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများ တွန်ဇံမြို့သို့ ပြန်လည် ဝင်ရောက်ခဲ့ကြပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်း ( ၄ ) ကျောင်းအပါအဝင် စုစုပေါင်း (၄၃) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား / ကျောင်းသူ ( ၃၀၆၀ ) ဦး တက်ရောက်လျက်ရှိသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၂ ရက်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား တီးတိန်မြို့၌ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်

တွန်းဇံမြို့ကို တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများမှာ ဇွန်လ ၁၇ ရက်နေ့တွင် ခေတ္တတိမ်းရှောင်သည့် ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြပြီး ဇွန်လ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တီးတိန်မြို့မှ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်သည်။ 

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအဌမနေ့ကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ချင်းပြည်နယ် ဒေါက်တာချမ်းငြိမ်းမောင် အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစားစစ်ဆေးပေးခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်၏ ဦးဆောင်မှုဖြင့် ဟားခါးပြည်သူ့ဆေးရုံကြီး(ခုတင် ၃၀၀)မှ ဟားခါးမြို့ပေါ်ရှိ အသက်(၁၀)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ပြုလုပ်နိုင်ရေး အတွက် သွေးအမျိုးအစားစစ်ဆေးပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကောလ်လျန်ထန်း ၂၀၂၆ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့ တက်ရောက်

သဘာဝပန်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များရေရှည်ထိန်းသိမ်းနိုင်စေရန် အတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲကို ဇွန် ၁၇ ရက် နံနက် ၈နာရီ က ချင်းပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်း၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်းထန်၊    ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ အစည်းအဝေးကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီ က ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့ တက်ရောက်

၂၀၂၆ ခုနှစ် ၊ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို  ဇွန်လ ၁၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းဝန်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to ချင်းပြည်နယ်