ချင်းပြည်နယ်

ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက်(၁၀၀)စီမံချက်ဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်နေမှုအား ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက်(၁၀၀)လုပ်ငန်း စီမံချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်မှုအား ဟားခါးမြန်မာနှစ်ခြင်းအသင်းတော် သာသနာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးမောင်မောင်ခင်တို့က သွားရောက် ကြည့်ရှုအားပေးသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောကျောင်းသုံးပြဋ္ဌာန် စာအုပ်၊ ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်ပို့ဆောင်

တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့ နှင့် တွန်းဇံမြို့များတွင် ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားနပ်ရိက္ခာအခက်အခဲမရှိစေရေးအတွက် ကနဦးစီစဉ်မှုအဖြစ် ဆန် ၊ ဆီနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ ၊ သွပ် ၊ သွပ်ရိုက်သံ တို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းချမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပနေမှုအား ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းချမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက တီးတိန်မြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှိ စံကိုက်ခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်း၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းလွင်တို့က သွားရောက်ကြည့်ရှုအားပေးသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပမှုအား ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင်ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီ၊ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်  ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဟားခါးမြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ သည် ဇွန် ၁၀ ရက်နေ့နံနက် ၁၀ နာရီတွင် ချင်းပြည်နယ်၏ မြို့တော်ြဖစ်သည့် ဟားခါးမြို့ရှိ ထူးခြားထင်ရှားသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ရော်ဘာသစ်သားထွက်ကုန်များကို ထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်း၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်) ရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာ ထုတ်လုပ်နေမှုအားကြည့်ရှု၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော ရာနှုန်းပြည့် မြန်မာန်ိုင်ငံသား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ MOS LUMBER PRODUCTS COMPANY LIMITED ၏ ရော်ဘာသစ်သား ထွက်ကုန်များကို ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုခဲ့သည်။

ဖလမ်းမြို့ ၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ရှိ နေရပ်စွန့်ခွာပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များအတွက် စားသုံးဆီ၊ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် ကျောင်းသုံးဗလာစာအုပ်များ တပ်မတော်လေယာဉ်ဖြင့်ကလေးမြို့သို့ရောက်ရှိ

အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ များမှ တိုက်ပွဲရှောင် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် စားသုံးဆီ (၄) တန်အား ရန်ကုန်မြို့မှ လည်းကောင်း ၊ စားသုံးဆီ (၆) တန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ (၉၀) အိတ်နှင့် ကျောင်းသုံးဗလာစာအုပ် (၁၁၆) ထုပ်အား မန္တလေးမြို့မှလည်းကောင်း  ဇွန်လ ၉ ရက်နေ့ တွင် တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
Subscribe to ချင်းပြည်နယ်