ချင်းပြည်နယ်

ရိခေါ်ဒါရ်မြို့၌ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၅၀၀ ဦးကျော်ရှိ၍ ပုံစံ(၃)ဖြင့် အမည်စာရင်း လျှောက်ထားသူ ၉၀ ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးထောင်ကျော်၏ အမည်စာရင်းများ ကြေညာစာကပ်ထားလျက်ရှိ ရာ ယမန်နေ့ သြဂုတ် ၅ ရက်အထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်၊ ရပ်ကွက်စာရေးများထံမှ သိရသည်။

မတူပီမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရန်လိုက်နာခြင်း မရှိသူများအား အရေးယူခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရန် လိုက်နာခြင်းမရှိသူများအား အရေးယူခြင်းများကို ယနေ့ နံနက် (၉)နာရီအချိန်တွင် မတူပီမြို့ စန်ဘောင်ရပ်ကွက် မတူပီ-မင်းတပ် လမ်းဆုံ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များကပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့

ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီး များအား ၂၀၂၀-၂၀၂၁ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေး ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဆက်လက်၍ နှစ်စဉ်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရေးတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။

မတူပီမြို့၌ Mobile Tablet ကို အသုံးပြု၍ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချ

ချင်းပြည်နယ် မတူပီမြို့၌ Mobile Tablet ကိုအသုံးပြု၍ ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထန်တလန်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများကို ကျေးရွာ(၅)ရွာအတွက် လွှဲပြောင်းပေးအပ်

ထန်တလန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲ‌ပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရေဇွာမြို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းများအား ထုတ်ပြန်ကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်များတွင် အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ရိခေါ်ဒါရ်မြို့အတွင်းရှိ အသက် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမြေထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက်လမ်းခင်းကျင်း နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှုအခြေအနေများကို ယမန်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ် မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မတူပီမြို့ စန်ဘောင် လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

မင်းတပ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြူများအုံ့ဆိုင်းနေသဖြင့် ကား/ဆိုင်ကယ်များ သတိပြုသွားလာနေရ

ချင်းပြည်နယ် မင်းတပ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့်မြူများ အုံ့ဆိုင်းနေသဖြင့် လမ်းမကြီး တစ်လျှောက်တွင် ကား/ဆိုင်ကယ်များ အထူးသတိပြု သွားလာနေရကြောင်းသိရသည်။
Subscribe to ချင်းပြည်နယ်