ချင်းပြည်နယ်

ထန်တလန်မြို့၌ မိခင်ဝိုင်းအသိပညာပေး သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဟာခါးခရိုင်၊ ထန်တလန်မြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်သော မိခင်ဝိုင်းအသိပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက Thantlang Association Baptist Church Center (TABC) ၌ ကျင်းပပြုလုပ်သည်။

ထန်တလန်မြို့တွင် ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေးဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။

COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး နေ့စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်အတွင်း COVID - 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီနှင့်အတူ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စစ်ဗျူဟာအခြေချ (ဟားခါး) အနေဖြင့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်စင်ဦး ဦးဆောင်သော အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် ဟားခါးမြို့ စျေးဟောင်းရပ်ကွက်ရှိ ဟားခါးနှစ်ခြင်းဘုရားကျောင်း (HBC)နှင့် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြည်​​​တော်သာရပ်ကွက်ရှိ ဧမာနွေလ နှစ်ခြင်းဘုရားကျောင်း(IBC)၊ စျေးသစ်ရပ်ကွက်ရှိ ဇိအုန် နှစ်ခြင်းဘုရားကျောင်းတို့သို့ ရောက်ရှိပြီး COVID - 19 ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးများဖျန်းခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့် သိက္ခာတော်ရ ဆရာတော်များနှင့် ဓမ္မအမှုတော်ဆောင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို သက်ဆိုင်ရာ ဘုရားကျောင်းများမှ သိက္ခာတော်ရဆရာတော်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်ပပြန်လာသူများနှင့် စောင့်ကြည့်လူနာများ ထားရှိ ရန်အတွက် မတူပီမြို့၊ အထက(၁)ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၁၇၇)စုအား ဆန်များ အခမဲ့ ဖြန့်ဝေပေး

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ယနေ့ နံနက်ပိုင်းမှစ၍ မိုးလုံလေလုံ အားကစားခန်းမ၌ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (CRCDF) အဖွဲ့က ဆန်အခမဲ့ စတင်ဖြန့်ဝေခဲ့သည်။

ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ဟားခါးမြို့အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ အဝေးပြေးကားဂိတ်နေရာတွင် ကားဝင်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ဂိတ်မှူးရုံးခန်းများ၊ ပစ္စည်းထားရှိရာနေရာများနှင့် ခရီးသည်ထိုင်နေရာများ အားလုံးကို ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

မင်းတပ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဖွေအားတက်ရောက်

မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ရာ ချင်းပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဖွေအားက အမှာစကား ပြောကြားသည်။

ထန်တလန်မြို့တွင် Home Quarantine များမှ လိုက်နာရန်အချက်များကို ရပ်ကွက်များတွင် အသိပေးနှိုးဆော်

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နေ့လယ်အချိန်က ပြည်ပနှင့် ၊ ရန်ကုန်၊ မန္တလေး၊ ကလေးမြို့ မှ ရောက်ရှိလာသူများကို Home Quarantine အဖြစ် သက်မှတ်ထားပြီး အဆိုပါ ပြန်လာသူများ အတွက် လိုက်နာရန် အချက်များကို ထန်တလန်မြို့ပေါ် လူငယ်တွေက ရပ်ကွက်အလိုက် ချင်းတိုင်းရင်းသားစကားဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။

မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ယနေ့ နံနက်(၇) နာရီ အချိန်၌ မတူပီမြို့၊ စည်ပင်ဈေး၊ အဝေးပြေး ယာဉ်လိုင်းများနှင့် သာမန်ယာဉ်များတွင် သာမိုမီတာဖြင့် အဖျားတိုင်း တာခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း( ဆူရ်ဘုန် )လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသန္တရအမိန့်ထုတ်ပြန်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်း၊ လုပ်ငန်းခွင်လာရောက်လေ့လာခြင်းများ မပြုလုပ်ရန် ဖလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၇ ရက် ဒေသန္တရအမိန့်(၂/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည်။
Subscribe to ချင်းပြည်နယ်