ချင်းပြည်နယ်

လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်)စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် ချင်းရွှေပြည် အားကစားခန်းမတွင် ကျင်းပသည်။

လိုင်လင်းပီ-ရေဇွာလမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရေးအခက်အခဲဖြစ်နေ

လိုင်လင်းပီ ဇန်နဝါရီလ ၇

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့အကြား စပေါ်ကျေးရွာအနီး၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြေပြိုမှုမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမြေပြိုသည့်နေရာအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် တွန်းဇံမြို့ မြို့နယ်မီးသတ်စခန်းတွင် ကျင်းပသည်။

ပူတာအို၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပူတာအို   ဇန်နဝါရီ   ၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနား၊ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သတ်မှတ်နေရာ အသီးသီးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

Subscribe to ချင်းပြည်နယ်