ချင်းပြည်နယ်

ထန်တလန်မြို့၌ လူနေအိမ်သုံးလုံးမီးလောင် လူ(၂)ဦးသေဆုံး

ထန်တလန် ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ယနေ့ နံနက် ၂ နာရီ အချိန်က အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်းလမ်းရှိ လူနေအိမ် သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ကွင်းပတ်လမ်းနေ ဦးချွန်လျန်၏ နေအိမ်(၂) ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ၊ မီးကြွင်းမီးကျန်မှ မီးစလောင်ခဲ့ရာ ဦးရွှေပဲန်း၏ နေအိမ် (၁)ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ နေအိမ်နှင့် ဦးငွန်ဘွဲ၏ နေအိမ်(၁)ထပ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊ (၂၀×၁၆×၁၀)ပေ တစ်ခြမ်းအား ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

နာဂရိုးရာလက်မှုအထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများရောင်းချပေးမည်

လဟယ်           ဇန်နဝါရီ           ၁၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှုအထည် ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) ရှင်းလင်းပွဲ ကျင်းပ

ဟားခါး ဇန်နဝါရီ ၁၁

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီနှင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ က ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးလျန်ဆွင်းပြောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကလေး-ဖလမ်း-ဟားခါး ကားလမ်း၌ (၁၂)ဘီးကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံး

ဖလမ်း ဇန်နဝါရီ ၁၀

ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာကြား ကလေး-ဖလမ်း-ဟားခါး ကားလမ်းမိုင်တိုင်အမှတ် ၁၀၃/၇ နှင့် ၁၀၄/၀ ကြား၌ ယမန်နေ့ နံနက် ၂ နာရီခွဲခန့်က ကုန်များတင်ဆောင်သည့် (၁၂) ဘီးကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်  (၁၅၀) ပေ ခန့် အနက်ရှိသော ချောက်ထဲပြုတ်ကျကြောင်းသိရသည်။

အမျိုးသမီးဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဟာခါးမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်

 

ဟားခါး   ဇန်နဝါရီ  ၁၀

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် အဖွဲ့ ဝင်များသည် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့နယ် ဆတ္တားကျေးရွာနှင့် လောက်လုံကျေးရွာတို့သို့ ရောက်ရှိ၍  ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား တွန်းဇံမြို့၌ ကျင်းပ

တွန်းဇံ   ဇန်နဝါရီ ၉

ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို တွန်းဇံမြို့ ပြည်သူ့ ဆေးရုံခန်းမတွင် ယနေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

နမ္မတူ  ဇန်နဝါရီ   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့်  သီဆိုဖွင့်လှစ်ခဲ့သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်(၁၃)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီး ပံ့ပိုးချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မင်းတပ်    ဇန်နဝါရီ     ၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့အနေဖြင့် မြို့နယ်အခြေခံ သမဝါယမအသင်းစုများသို့ (၁၃) ကြိမ်မြောက် China EXIM Bank ​ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေး ကော်မတီများ ပထမကြိမ် အစည်းအဝေးကျင်းပ

ခိုင်ကမ်း  ဇန်နဝါရီ  ၈

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင်  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကော်မတီဝင်များ ပထမအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဟားခါးခရိုင် Community Centre ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်လှစ်

ဟားခါး ဇန်နဝါရီ ၇

ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ ညနေ ၅ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

Subscribe to ချင်းပြည်နယ်