ချင်းပြည်နယ်

ပလက်ဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ကြေညာ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၌ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်ကြသည့် မိဘပြည်သူများ အားဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုမြို့မရပ်ကွက်၊ လူငယ်သင်တန်းကျောင်းရှိသင်တန်းခန်းမ၌ပြန်လည်ထိုးနှံပေးလျက်ရှိပါ ကြောင်း ရပ်ကွက်အတွင်း လှည့်လည်၍ အသိပေးနိုးဆော်ကြေညာခြင်းကို ယမန်နေ့ နေ့ညနေ ၄ နာရီ အချိန်က ‌ဆောင်ရွက်ခဲ့ပါသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာ ၄ ဦး ဆေးရုံးဆင်းခွင့်ပြု

ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၂ ဦးထပ်မံတွေ့ရှိပြီး ၁ ဦးသေဆုံးကာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၄ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ ၂၀ ဦး ပြန်လည် ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၀ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ချင်းပြည်နယ် တီးတိန်မြို့၌ ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့နံနက် ၉နာရီမှ စတင်၍ မြို့နယ်ပြည်သူ့‌ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင်(၁၃၈၅) ဦး အားထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅) နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယမန်နေ့၊ နံနက် ၉ နာရီမှ စတင်ကာဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ဟားခါးမြို့၌ အသံချဲ့စက်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် Test Kit ဖြင့်စစ်ဆေးနိုင် သည့်နေရာ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် သံသယရှိသူများအနေဖြင့် Test Kit ဖြင့် ရောဂါပိုးရှိ / မရှိ အခမဲ့ စမ်းသပ်စစ်ဆေးနိုင်သည့်နေရာများ အသိပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပလက်ဝမြို့နယ်ရှိ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ကိုတော်များအား လှူဖွယ် ပစ္စည်းများထောက်ပံ့လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မဝိသုဒ္ဒါ ရုံ ကျောင်းတိုက်၌ ပလက်ဝမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၄၆)ကျောင်း၊ သံဃာအပါး(၆၉) ပါးနှင့် သီလရှင် (၁) ပါး၊ ပေါင်း(၇၀)ပါးအား တစ်ပါးလျှင် ဆွမ်းဆန်စိမ်း(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်သုံးပစ္စည်း များနှင့်အလှူ ငွေ(၁၈၀၀၀)ကျပ်နှုန်းဖြင့် လှူဒါန်းငွေစုစုပေါင်း(၁၂၆၀၀၀၀)ကျပ်တိတိ ကို ရှေးတန်းအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်မှတပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်တို့မှ လှူဒါန်းမှုပြု၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင် (၁၃၅၀)ဦးအား ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ

ချင်းပြည်နယ် တီးတိန်မြို့၌ ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် ပြည်သူ့‌ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်