ချင်းပြည်နယ်

ကျီခါးမြို့၌ အသက်(၆၅)နှစ်အထက်ရှိ မိဘပြည်သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ထိုးနှံပေး 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ရှိ အသက်(၆၅)နှစ်အထက် ရှိမိဘပြည်သူများ၊ကာကွယ်‌ဆေးထိုးနှံရန်ကျန်ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် Volunteer များအား  သတ်မှတ် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinnopharm)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက စုရပ်ဖြစ်သည့် ကျီခါးမြို့ မိုးလုံလေ လုံအားကစားခန်းမ၌ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့ရှိ (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦး ကို စုရပ် (၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်

ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦးကို စုရပ်နေရာ (၄)နေရာခွဲ၍ ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဟားခါး၊ ထန်တလန်နှင့် မတူပီမြို့နယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (၂၅၆၅) ပုလင်း ဟားခါးမြို့သို့ ရောက်ရှိ

ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်များအတွက် ပေးပို့လာ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ( ၂၅၆၅ ) ပုလင်းကို ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဟားခါးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ ကျောဘုတ်စိုက်ပျိုးရေးခြံသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကျောဘုတ်စိုက်ပျိုးရေးခြံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်နှင့်တွန်းဇန်မြို့နယ်တို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရောက်ရှိ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်တို့အတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ်  Sinopharm ကို ယမန်နေ့  ၁၁ နာရီ ခွဲအချိန်က  တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ ပို့ဆောင်သယ်ယူပေးခဲ့ကြောင်းသိရှိရသည်။

ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၌ မိုးရွာသွန်းမှုကြောင့် ကားလမ်းမပေါ်၌‌ မြေပြိုကျမှုဖြစ်ပွား

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ယမန်နေ့က ဟားခါး-ဖလမ်း-ကလေးသွား လမ်းပေါ်ရှိ မြို့တွင်းလမ်း အပေါ်ဘက်ပိုင်း‌ မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့ရှိ ကြက်မွေးမြူရေးခြံများကို ကြည့်ရှု စစ်ဆေး

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ကြက်မွေးမြူရေးခြံများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်