မွန်ပြည်နယ်

မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး door to door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် နိုဝင်ဘာ ၂၇ ရက်က စတင်ဆောင်ရွက်သည်။

ရေးမြို့နယ်၌ မဲပေးစက်များထားရှိရာနေရာ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်များထားရှိရာ နေရာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် စစ်ဆေးပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ပေါင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး မဲစာရင်းကွင်းဆင်း စစ်ဆေး

မော်လမြိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများမကျန်ရှိစေရေး အသက် (၁၈) နှစ်နှင့်အထက်စာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် ရပ်ကွက်/ ကျေးရွာများသို့ တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် မြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာအသီးသီးတို့၌ တစ်ပြိုင်နက်တည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ပွဲ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ပြီး ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူ​ဇော်ကာ တောင်စွန်းကျေးရွာ ရာမညနိကာယတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မဓဇ၏ သြဝါဒကထာ ခံယူတော်မူသည်။

သံဖြူဇရပ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းများ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ပန်းခြံဝင်းအတွင်းကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်း           

မွန်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး  E-government ကွန်ပျုတာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းက  အမှာစကား ပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန်အတွက် ရှေးဟောင်းအဆောက်အဦစိစစ်ဖော်ထုတ်ရေးကော်မတီ စည်းဝေး

မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန် အတွက် ရှေးဟောင်းအဆောက်အဦ စိစစ်ဖော်ထုတ်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပင်မဆောင်၌ ကျင်းပသည်။

သံဖြူဇရပ်၌(၇၆)ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်ရေးဖြေစာမေးပွဲကျင်းပ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှကြီးမှူး ကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင်  ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားပြီး ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် ဘာသာတရားရိုသေလေးစားလိုက်နာတတ်စေရန်လည်း ပြုစုပျိုးထောင်ပေးကြရန်၊ မိမိတို့၏ကျောင်းတော်ကြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် ကျောင်းနှင့်‌‌ ကျောင်းပတ်ဝန်းကျင် အစဉ်သန့်ရှင်းသာယာလှပစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်