မွန်ပြည်နယ်

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူးမာရိယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာ-အိန္ဒိယကိုယ်စားလှယ် ဦးလှဝင်းနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနွယ်ဖွား မြို့နယ် (၁၀)မြို့နယ်မှ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဗုဒ္ဓဝင်စာမေးပွဲ မွန်၊ မြန်မာဖြေဆိုနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူးကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့က မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မွန်ဘာသာနှင့်မြန်မာဘာသာတို့ဖြင့် ပြုလုပ်သည်။

ကျိုက်မရော၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသင်တန်း ဖွင့်လှစ်

ကျိုက်မရေမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်က ကျိုက်မရော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။

သံဖြူဇရပ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက်  ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ရပ်ကွက်ကျေးရွာ တစ်အိမ်တက်ဆင်း  ကွင်းဆင်းကောက်ယူရေး  ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ချောင်းဆုံမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံမြို့နယ်၌၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည် စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယနေ့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်းကွန်ကရစ်လမ်း ဖွင့်ပွဲတက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ပေါင်မြို့နယ်၌ ကွင်းသရုပ်ပြပွဲနှင့် အရည်အချင်းလက္ခဏာများအပေါ် တောင်သူအချင်းချင်း ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲနှင့် အရည်အချင်း လက္ခဏာများအပေါ် တောင်သူအချင်းချင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဖြူဘကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း၏ လယ်မြေ၌ပြုလုပ်ခဲ့ရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ သထုံခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သင်းသင်းဆင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူ (၇၈) ဦး၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

မုဒုံမြို့နယ်တွင် ရော်ဘာပင်ကြား ကိုကိုး၊ ကော်ဖီသီးနှံရောနှောစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာတောင်သူများ ဝင်ငွေတိုးတက်မြင့်မားစေရန် ရည်ရွယ်၍  ရော်ဘာပင်ကြား ကိုကိုး၊ ကော်ဖီသီးနှံရောနှောစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၌ ပြုလုပ်သည်။

မုဒုံမြို့၌ ရော်ဘာမှိုင်းရုံ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင် လမ်းဘေး၌ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။

သထုံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့အတွက် လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်