ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတက်ရောက်
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်စွာဖြင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လွန်စွာအရေးကြီးကြောင်း၊ လူငယ်များ ဘက်စုံထူးချွန်ပြီး အတတ်ပညာရှင် အသိပညာရှင်များ ထွက်ပေါ်လာစေရေး၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှန်ကန်သော လမ်းကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုစေမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။