ကျိုင်းလပ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့ နံနက်က နယ်မြေရဲစခန်းရှိ အိမ်ထောင်သည်လိုင်းခန်းသို့ သွားရောက် ငှားရမ်းခဲ့ကြသည်။