ကျိုင်းတုံမြို့နယ်တွင် ရေထွက်တောထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သဘာဝရေထွက်တော၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသည့် ပင်းတောက်ကျေးရွာသုံး “နယာ” ရေထွက်တွင် ရေထွက်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို မတ် ၁၈ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။