ရန်ကုန်တိုင်းဒေသကြီး

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

ဒဂုံမြို့နယ်တွင် ဝန်ထမ်းများ “ကျန်းမာရေးမှသည် တစ်နိုင်ငံလုံးသာယာဝပြောရေးဆီသို့” အစီအစဉ်ဖြင့် မျက်စိကုသမှုလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က “ဝန်ထမ်းများ ကျန်းမာရေးမှသည် တစ်နိုင်ငံလုံး သာယာဝပြောရေးဆီသို့”အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား မျက်စိကုသမှုဆောင်ရွက်ပေးရန် ဗဟန်းမြို့နယ် အမျိုးသမီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံစေတီတော်၌ ဦးထွန်းအောင်+ဒေါ်သီသီဝင်းမိသားစုက လမ်းခင်းအလှူတော်ငွေ ကျပ်သိန်း (၃၀၀၀) လှူဒါန်းပြီး လမ်းခင်းခြင်းလုပ်ငန်များ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ၌ ဘုရားဖူးလာပြည်သူများ လွယ်ကူအဆင်ပြေချောမွေစေရန် ရည်ရွယ်၍ ဦးထွန်းအောင်+ ဒေါ်သီသီဝင်း မိသားစုက လမ်းခင်းခြင်းကုသိုလ် အလှူဒါနပြုလုပ်ခဲ့သည်။

ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ (၁၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်သွန်းဘုရားကြီး၏ (၁၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ဘုရားကြီး၏ မုတ်ဦးရှေ့တွင် ကျင်းပခဲ့သည်။

အားလုံးကို ကျော်ဖြတ်ကြမယ် (All Pass) မြန်မာ-ကိုရီးယား လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပြီး မီဒီယာတွေ့ဆုံပွဲကျင်းပ

မြန်မာ-ကိုရီးယားနှစ်နိုင်ငံပူးပေါင်း၍ ပထမဆုံးရိုက်ကူးထုတ်လုပ်မည့် “အားလုံးကိုကျော်ဖြတ်ကြမယ်” (All Pass) လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်းနှင့် မီဒီယာတွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရာဟုထောင့်တွင် ကျင်းပသည်။

တိုက်ကြီးမြို့နယ် (ဂျိုးဖြူ) မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းက ကြီးမှူး၍ တိုက်ကြီးမြို့နယ် (ဂျိုးဖြူ) မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နေ့လယ်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် Golden Hands Marketing Envent အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် နံနက် ၉ နာရီအချိန်တွင် Golden Hands Marketing Envent အခမ်းအနားကျင်းပပြုလုပ်ကြောင်း သိရပါသည်။

သာကေတမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းများ၌ အဆင်ပြေစွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ အဆင်ပြေစွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး