ရန်ကုန်တိုင်းဒေသကြီး

ရန်ကင်းမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယ‌နေ့ နေ့လယ် (၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

န်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ  ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါ မီးသတိပေးဆိုင်းဘုတ် စိုက်ထူပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက “သင့်ကြောင့်မီးမလောင်ပါစေနှင့်” ဆောင်ပုဒ်နှင့် အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်ပါ မီးသတိပေးဗီနိုင်းဆိုင်းဘုတ်ကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် ၉ နာရီအချိန်က အုတ်ပုံစုရပ်ကွက်၊ ဂျိုးဖြူကန်လမ်းနှင့် ဒေါနလမ်းထိပ်တွင် စုပေါင်းစိုက်ထူသည်။

ရန်ကင်းမြို့နယ်တွင် ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူလူထုအခြေပြုလျက် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းမှ အသက်၉လမှ၁၅နှစ်‌အာက် ကလေးငယ်များအား ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ရန်ကင်းမြို့နယ်တွင်းရှိ ဘုန်း‌ကြီး‌ကျောင်းများအရောက် လိုက်လံ့ထိုးနှံ‌ဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ(ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာအာကသအေဂျင်စီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လသာမြို့နယ်အတွင်းဆေးဆိုင်များ လိုင်စင်သက်တမ်းတိုးလျှောက်ထားမှု ကွင်းဆင်းစစ်ဆေး

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေနှင့် အဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ CLL OEC အထူးကုဆေးခန်းမှ ဆေးဆိုင်၏ သာမန်ထိန်းချုပ်လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုအား ယ‌နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၄) ခုတွင် ကျောင်းသား/သူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်တွင်‌ မတ်လ (၁၁) ရက်နေ့တွင် ဖြေဆိုမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၄) ခုတွင် ကျောင်းသား/သူ (၂၆၃၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် (Grade 5) နှင့် (Grade-9) နောက်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ အင်္ဂလိပ်စာဘာသာအား ဆက်လက်ဖြေဆိုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာအား ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်‌ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြသည်။

သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိ

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ Grade 5 နှင့် Grade 9 အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီမှ ဆက်လက်ဖြေဆိုလျက်ရှိသည်။

သမိုင်းဝင်ရွှေဘုန်းပွင့်​စေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ရွှေဘုန်းပွင့်​စေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး