ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်၌ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေး ရေသန့်စင်စနစ်တည်ဆောက်ခြင်းနှင့် မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အိုင်ကလောင်ကျေးရွာ၌ ရေသန့်စင်စနစ် တည်ဆောက်ခြင်းနှင့်မြေသားရေကန် အနက်နှိုက်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကမာရွတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လိုက်လံနှိုးဆော်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် အိမ်တိုင်း အိမ်တိုင်း မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အခါအားလျှော်စွာ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ၊ တားမြစ်ချက်များကို သိရှိနိုင်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်မှုအား ယမန်နေ့ညပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်ရပ်ကွက်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် အသိပညာပေးဆောင်ရွက်မှုကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး လိုက်လံနှိုးဆော်မှုအား ယမန်နေ့ည (၇)နာရီခွဲအချိန်က လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံဂီတအစည်းအရုံး ဒေါပုံမြို့နယ်၏ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၂)ရပ်ကွက်၊ ရွာမလမ်း၊ အမှတ် (၃၄၇)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သာသနာရေးဆိုင်ရာစာ‌မေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များ စာ‌အောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသော ဝိနယာဓိကစာမေးပွဲစာအောင်လက်မှတ်နှင့် စာအောင်ဆုပေးပွဲ၊ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာ‌မေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များအား စာ‌အောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို (၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးအကြံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထ အစည်းအဝေးပထမနေ့ကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ခရမ်းမြို့နယ်၌ ဇိဝလုံခြုံမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊‌ ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာ၊ မက္ကသန်ကျေးရွာနှင့် ကမာကလူကျေးရွာများ၌ ယနေ့နံနက်က ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်း သိရသည်။

သာကေတမြို့နယ် မဟော်သဓာလူမှုကူညီရေးအသင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

သာကေတမြို့နယ် ၄ / ရပ်ကွက်တောင်ပိုင်းလုံးဆိုင်ရာ မဟော်သဓာလူမှုကူညီရေးအသင်း (၁၀) ပြည့် အထိမ်းအမှတ်ကို ဖေဖေါ်ဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါမြို့နယ် ရှုခင်းသာကျောင်းဝိုင်းရှိ အောင်သီတာစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး