မသန်စွမ်းသူများအား သန်လျင်၌ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ မသန်စွမ်းမှတ်ပုံတင်လက်မှတ်ရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။