ရန်ကုန်တိုင်းဒေသကြီး

ရွှေပြည်သာမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်မဲရုံအသီသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၆)ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ မဲပေးစက်များ ထုတ်ယူနေမှုနှင့် မဲရုံများခင်းကျင်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများသို့ မဲပေးစက်များ ထုတ်ယူနေမှုအခြေအနေနှင့် မဲရုံများခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊မဟာဗန္ဓုလလမ်းရှိ ဧမာနွေလခရစ်ယာန်ဘုရားကျောင်းတွင် ကျင်းပ

သန်လျင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)များအား ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူ

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား  သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်တွင် သန်လျင်မြို့ အ.ထ.က(၁)ရတနာရှင်သန့်ခန်းမ၌ ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  သင်္ဃန်းကျွန်းမြို့နယ်၌  တတိယအကြိမ် မဲစာရင်းကပ်ထားမှု ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးနေဝင်းအောင်တို့နှင့်အတူ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက်၌ တတိယအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် ပြည်သူများမဲစာရင်းလာရောက်ကြည့်ရှုသည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် (၄၂) ကြိမ်မြောက် အသံမစဲအဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၄၂) ကြိမ်မြောက် အသံမစဲ အဘိဓမ္မာခုနှစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီက အဆိုပါစေတီရင်ပြင်ရှိ သာသနဇောတိကဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွံ​တေးမြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်နေ့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် မဲစာရင်းပါရှိပြီးဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း သမိုင်းချောင်းနှင့် သီရိမင်္ဂလာဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက သမိုင်းချောင်းနှင့် သီရိမင်္ဂလာဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အကြောင်းသိကောင်းစရာပြပွဲ -၂ဝ၂၅ ကျင်းပ

ဆန်အကြောင်းသိကောင်းစရာပြပွဲ - ၂ဝ၂၅ (ရန်ကုန်တိုင်းဒေသကြီး)Yangon Rice howcase-2025 ပြပွဲကို ဒီဇင်ဘာ ၂၄ ရက်က Melia Hotel (Grand Ballroom)၌ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊လူငယ်စွန့်ဦးတီထွင်အသင်းတို့မှတာဝန်ရှိသူများ၊ ဝါတန်းနှင့်ဘုရင့်နောင်ကုန်စည်ဒိုင်များ၊ ဆန်ကုမ္ပဏီများ၊ ဆန်လုပ်ငန်းရှင်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် မြို့နယ်များတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ ကြိုတင်မဲပေးနေမှုနှင့် မဲရုံပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတိယ အကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက် ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှု၊ မဲရုံ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး