မန္တလေးတိုင်းဒေသကြီး

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနနှင့် ကလေးစာဖတ်ခန်းတို့တွင် သင်တန်းများ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်းနှင့် ပြည်သူ့စာကြည့်တို့၌ နွေရာသီအားလပ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းများ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ် ဖြေဆိုပြီးစီး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန ၄ ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား၊ သူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂ‌ဗေဒဘာသာရပ်တို့ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာစစ်ဌာနနှစ်ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ ပေတောကျေးရွာကွင်းအမှတ် ၄၆၅ ၊ ဦးပိုင်အမှတ် ၁၀၉ တောင်သူ ဒေါ်တင်၏ လယ်မြေ ၅ ဧကတွင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ထိုင်းနှံကောက်စပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက စံပြကွက်စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/ ကျောင်းသူများအား ကြာဇံဟင်းခါး၊ အချိုရည်နှင့် မုန့်များ ပေးဝေ

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အနေဖြင့် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့ကို အ.ထ.က၊ တံတားဦးစာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူများအား စာမေးပွဲပြီးချိန်တွင် ကြာဇံဟင်းခါး၊ အချိုရည်နှင့်မုန့်များကို ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်းဝန်းတွင်း ပေးဝေခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  Grade-12 ကျောင်းသား၊ ကျောင်းသူများ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား နောက်ဆုံးနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းက စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို Grade-12 ကျောင်းသား၊ ကျောင်းသူများက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိသည်။

 ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆  ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ  ဇီ၀ဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌  ၂၀၂၆ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင်  ဇီ၀ဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်အား  ယနေ့နံနက် ၉ နာရီတွင်   ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ခရိုင်ပညာရေးမှူး၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ သွားရောက်ကြည့်ရှုအားပေးကြသည်။

၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်အေးချမ်းစွာဖြေဆိုပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်နှင့်စက်မှုစိုက်ပျိူးမွေးမြူရေးအ.ထ.က(လက်ပံပျား)မှ သက်ဆိုင်ရာဘာသာရပ်များကို မတ် ၁၇ ရက်တွင် အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် နှင့်ဇီဝဗေဒဘာသာရပ်ဖြေဆိုအောင်မြင်ပြီးမြောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၁၇ ရက်၊နံနက် ၉ နာရီကစတင်၍ ဘောဂဗေဒဘာသာရပ် နှင့်ဇီဝဗေဒဘာသာရပ် ဖြေဆိုမှု ယနေ့ ၁၂ နာရီတွင် အောင်မြင်စွာဖြေဆိုပြီးမြောက်ခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး