မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုပြီးစီး

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်းကျင်းပလျက်ရှိရာ မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီကစတင်၍ သတ်မှတ်စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

‎မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

မန္တလေးကားလမ်းမှ ရိုးကန်-ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်) လမ်း  ကတ္တရာခင်းခြင်းလုပ်ငန်း ပြီးစီး  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မန္တလေးကားလမ်းမှ ရိုးကန်-ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်) လမ်း  ကတ္တရာခင်းခြင်းလုပ်ငန်း ပြီးစီး  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်း ကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အ.ထ.က (လက်ပံပျား) ၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ကျောင်းသား/ကျောင်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းမှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ စက်မှုဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများအကြောင်း အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည် မြို့မရဲစခန်း၌ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီက သာစည် မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တွင် အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်များ လူငယ်များဘက်စုံဖွံ့ဖြိုးရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ မတ် ၁၈ ရက် နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံတိုင်းရင်းဆေးပညာ ပညာပေးရက်တိုသင်တန်း  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေနှင့်နံရံကပ်စာစောင် ပြသ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေနှင့် နံရံကပ်စာစောင်ပြသခြင်းကို မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး