မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ ယခုနှစ် မိုးကြိုသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း ၆၀၇ ဧကလျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရေရရှိရေးနည်းလမ်းများအလိုက် ၂၀၂၅-၂၀၂၆‌  ခုနှစ် နွေသီးနှံမျိုးစုံ ၂၀၁၁၀ ဧကလျာထားပြီး ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမောရှေ့တန်းစခန်းတို့တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ်မိုးကြိုသီးနှံ  ပဲတီစိမ်း ၆၀၇ ဧကလျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူ ၉၀ ဒသမ ၅၈ ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒစဘာသာရပ်များကို အမရပူရမြို့နယ်အတွင်းရှိ ယန္တရားအခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၂ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀ ဒသမ ၅၈ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီး‌ဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုယ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာန (၅) ခုတို့တွင် ဖြေဆိုလျက်ရှိသည်။

မြင်းခြံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်နောက်ဆုံးရက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား ယနေ့နံနက် ၉ နာရီက စတင်၍ ဘောဂဗေဒဘာသာရပ်နှင့်ဇီဝဗေဒဘာသာရပ် နောက်ဆုံးနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း၌ အာဟာရငှက်ပျောသီးများ ဒါနကုသိုလ်ပြု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဖွင့်လှစ်နေသည့် နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နှင်းယုသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အာဟာရငှက်ပျောသီးများ ဒါနကုသိုလ်ပြု ကျွေးမွေးခဲ့ကြောင်း  သိရသည်။

မြစ်သားမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်း ပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၁၄ ရက် နံနက်  ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာရပ်တွင် ၈၄၇ ဦးနှင့် သမိုင်းဘာသာရပ်တွင် ၈၆ ဦး၊ စုစုပေါင်း ၉၃၃ ဦး ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာနှင့် သမိုင်းဘာသာတို့ကို တံတားဦးမြို့နယ် အ.ထ.က၊ တံတားဦးစာစစ်ဌာနနှင့် အ.ထ.က၊ ချောင်းခွစာစစ်ဌာနတို့တွင် ယမန်နေ့နံနက် ၉ နာရီက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Coummity Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက‌ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး