မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့၊ အမှတ် (၈) အထည်စက်ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမှတ် (၈) အထည်စက်ရုံတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် စက်ရုံအတွင်းမီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုစစ်ဆေးခြင်းကို မတ်လ ၄ ရက်၊ နံနက် ၉ နာရီက အဆိုပါစက်ရုံ၌ ကျင်းပ ပြုလုပ်သည်။

မိတ္ထီလာမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ဧက ၁၅၈၇ စိုက်ပျိုးနိုင်ခဲ့ရာ  သတ်မှတ်လျာထား စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ဧက ၁၅၈၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌  မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊အကြံပြုခြင်း လုပ်ငန်းများကို ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ကြက်မောက်တောင် ရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ပို့လွှတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ရေသောက်စနစ်၌ နွေစပါး နှင့် နွေသီးနှံများ စိုက်ပျိုးရန်အတွက်၊ ကြက်မောက်တောင် ရေလှောင်တမံမှ မတ် ၃ ရက် မှစတင်၍ စိုက်ပျိုးရေများ စတင် ပို့လွှတ်ပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ် ကုလကျေးရွာ၌ အထွက်နှုန်းသေချာသည့် ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံစုံကို နေရာဒေသအလိုက် စိုက်နည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးလျက်ရှိရာ ကုလကျေးရွာ တောင်သူဦးစိန်အောင် ကွင်းအမှတ်(၂၇၂)၊ ဦးပိုင်အမှတ် (၅)၊(၆) တို့တွင် အထွက်နှုန်းသေချာသည့် ဘောင်ကြီးတင်စနစ်ဖြင့် နွေးနှမ်းများ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ‌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ကျောက်ဆည်မြို့နယ် ကျေးရွာအုပ်စု ၆ အုပ်စု၌ ဆောင်းနှမ်း ၇၇၇ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံစုံစိုက်ပျိုးထားရှိရာ ကျေးရွာ အုပ်စု ၆ အုပ်စု၌ ဆောင်းနှမ်း ၇၇၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း  သိရသည်။

ပုသိမ်ကြီးမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် နွေရာသီရောက်ရှိလာပြီ ဖြစ်၍ ဈေးများ မီးလာင်မီးလန့်မှုဖြစ်ပွားမှုမရှိစေရေး၊ ဖြစ်ပေါ်ခဲ့လျှင်လည်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေး မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှု ဆောင်ရွက်ခြင်းကို မတ် ၃ ရက် မွန်းလွဲ ၂ နာရီက ပုသိမ်ကြီးမြို့မဈေးကြီး၌ ပူးပေါင်းဆောင်ရွက်သည်။

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဗိမာန်တော်ကြီး၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ခမ်းနားစွာကျင်းပနိုင်ရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၆ ခုနှစ်၊အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်း အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ညောင်ဦး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ မတ် ၄ ရက်၊နံနက် ၁၀ နာရီက ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက်ကလေးငယ်များအား မတ် ၄ ရက် နံနက် ၉ နာရီကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး