မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာ့ဆေးကုသဆောင်နိုင်၌ ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်သမဝါယမအသင်းစု(လီမိတက်)နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီ၊  ဝမ်းတွင်းမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမတွင်  ကျင်းပသည်။

မြစ်သားမြို့နယ် ကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသော ထင်းများကို ပြည်သူများထံ ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေးနှင့် ပြည်သူများထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြက္ခရွေကြိုးဝိုင်းအကွက်အမှတ်(၃)၊ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းများကို ပွဲလုံးကျော်ကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် မြေယာအသုံးချမှုနှင့် ပတ်သက်၍ အသိပညာပေး အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အတွင်းမြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေး အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပုသိမ်ကြီးမြို့ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပသည်။

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရာကြီး၏ (၁၂) ကြိမ်မြောက်  မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏  (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ  ၂၉  ရက် ညနေ ၃ နာရီက ဘုရားကြီးရင်ပြင်၌ ကျင်းပသည်။

မန္တလေးမြို့၌ တရားမဝင်ဆေးဝါးများ၊ သုံးစွဲရန်မသင့်သည့် အလှကုန်များတရားမဝင်အစားအသောက်များအား  မီးရှို့ဖျက်ဆီး

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (FDA)နှင့်မှုခင်းရဲတပ်ဖွဲ့(CID)တို့ပူးပေါင်း၍ ဖမ်းဆီးရမိသောတရားမဝင်ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ သွင်းကုန်ထောက်ခံချက်မရှိသည့် တရားမဝင်အစားအသောက်များ၊ သုံးစွဲရန်မသင့်သည့် အလှကုန်များမီးရှို့ဖျက်ဆီးပွဲကို ဇန်နဝါရီ ၃၀ရက် နံနက်ပိုင်းက မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် ပြုလုပ်သည်။

မြင်းခြံမြို့၌ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြမြို့၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မတ္တရာမြို့မစျေး မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

မန္တ‌လေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့မ‌ဈေးတွင် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၉ ရက် ညနေ ၃နာရီခွဲက  မတ္တရာမြို့မ‌ဈေးတွင် ဆောင်ရွက်သည်။

မြစ်သားမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများလုပ်ငန်းညှိနှိုင်းအစည်းအဝေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာ‌ရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျောက်ဆည်တက္ကသိုလ်၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးလုံခြုံရေး စနစ်တကျရှိစေရေးနှင့် မီး‌လောင်မှုဖြစ်ပွားမှု လျော့နည်း‌စေရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ်တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ THEATER ခန်းမ၌ ပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ တက္ကသိုလ်ရှိ THEATER ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး