ဧရာဝတီတိုင်းဒေသကြီး

ဟင်္သာတမြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်း၊ ဟင်္သာအဝိုင်းအနီးတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ၂၀၂၆ ခုနှစ်၊  မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဘဏ်များတွင် မီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေးခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယနေ့နံနက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့်ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲစတုတ္ထနေ့ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် မတ်လ(၃)ရက်နေ့မှစတင်၍ နေ့လယ် (၁၂) နာရီမှ ညနေ (၃) နာရီအထိ (၄၆) ကြိမ်မြောက် မြို့နယ်ပရိယတ္တိသာသနာ့ပါလစာမေးပွဲ စတင်ကျင်းပဆောင်ရွက်ပြီး ယနေ့တွင် စတုတ္ထနေ့ ဘာသာအဖြစ် သုတ္ထန္တိကမာတိကာနှင့် ဓာတုကထာဘာသာများ ဖြေဆိုကြသည်။

ဖျာပုံမြို့၌ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဆိုင်းဘုတ်စိုက်​ထူခြင်းနှင့် အသိပညာပေးစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” “World Consumer Rights Day”ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး စာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဖျာပုံမြို့အမှတ် (၃) ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပသည်။

မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် World Consumer Rights Day ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနား ကျင်းပ ပြုလုပ်သည်။

ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့များက မြန်အောင်မြို့နယ်အင်ပင်မြို့‌ပေါ်ရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် မြန်အောင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက မတ် ၅ ရက်နေ့နံနက်ပိုင်းက အင်ပင်‌ဈေးရှိ ဆေးဝါးရောင်းချသည့်ဆိုင်များသို့ ဆေးဝါးရောင်းချနေမှုများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကျုံပျော်မြို့နယ်၌ နွေရာသီအားကစားသင်တန်းဖွင့်ပွဲပြုလုပ်

နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချ၍ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေရန်၊   ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်နှင့် ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၆ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး