ဧရာဝတီတိုင်းဒေသကြီး

ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်လျာထားချက်ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ် လျာထားချက်ပြည့်မီရေးကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ခုံဇင်ကုန်းကျေးရွာအုပ်စုနှင့် ကျွန်းတောကုန်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉) နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး မဲပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက ကျွန်းတော့ကုန်းကျေးရွာအုပ်စု၊ ကျွန်းတောကုန်းကျေးရွာ၊ ကျွန်းကုန်းအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မဲစာရင်းများ မှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာဌာနအလိုက် အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့်မဲစာရင်းများအား တစ်အိမ်ဝင် တစ်အိမ်ထွက် (Door to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ကျေးလက်လမ်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ် ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ဒီဇင်ဘာလ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအပါအဝင် ကဏ္ဍစုံအသိပညာပေးဟောပြောပွဲ၊ ပြပွဲများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ မဲဇလီမူလွန်ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီ အချိန်၌ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားရေးနှင့် စားသုံးရေးရာ ကာကွယ်ရေး ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေးမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယမန်နေ့ညနေ (၄) နာရီခွဲက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ဒီဇင်ဘာလလူထုလှုပ်ရှားမှုအကြို လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့်နှစ်စဥ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဒီဇင်ဘာလလူထုလှုပ်ရှားမှုအကြို လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၆)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး