မအူပင်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ လက်တွေ့မီးငြှိမ်းသတ်ခြင်သရုပ်ပြ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြဆောင်ရွက်ခြင်းများ အား ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။