ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၌ "ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ကျောက်တံခါးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း)၊ မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ ဘုရားကလေးဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း ပြုလုပ်ခဲ့သည်။

ကဝမြို့၌ “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲအသိပညာပေး မြေစိုက်ပိုစတာ (Billboard)ကို ယနေ့နံနက်ပိုင်းက ပဲခူး-ကဝလမ်းမကြီးဘေးတွင် စိုက်ထူပြီး လူစည်ကားရာနေရာများနှင့် မြို့နယ်စည်ပင်သာယာဈေးတို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဝေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဗျားအထက်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်းမှကြီးကြပ်၍ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များက ယနေ့နံနက်(၉)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေး‌ကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက်  “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မြို့မဈေးအတွင်းနှင့် ဈေးရှေ့လူစည်ကားရာနေရာများ၊‌ ရွှေကျင်-တောင်ဘက်သွားတံတား‌နှင့် မြို့အဝင်မင်္ဂလာမုဒ်ဦးနေရာတို့၌ ပြည်သူများနှင့် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များပေါ်ရှိ ပြည်သူများအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။

ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်က စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ ၉ ရက်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထန်းတပင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ထန်းတပင်) ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး