ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံစာ​​စောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံစာ​​စောင်ပြပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အ.မ.က (သိမ်ကုန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများသို့ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် အ.ထ.က (အိုးဘိုကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ  ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများအား အ.ထ.က(အိုးဘိုကုန်း) ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် အ.မ.က (စိုင်ဂေါင်း) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ​ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများအား အ.မ.က (စိုင်ဂေါင်း) ကျောင်း၌ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောက်ပုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျေးရွာတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် အိမ်ခြေ(၁၂၀)အတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် ​မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်းမဲပေးနိုင်မည့်အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေး၊ မြို့အဝင်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပွင့်လင်းရာသီအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်းနှင့်ဘုရားကြီးလမ်းဆုံ လူစည်ကားရာ‌ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ပဲခူးမြို့၌ "ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး