ပဲခူးတိုင်းဒေသကြီး

ပေါက်ခေါင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၆) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ ဆင်းရွှေကြာ-၂ နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းလမ်းဖြင့် မျိုးကောင်း၊ မျိုးသန့် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် ကွင်းဝန်ထမ်းများသည် မစိုးရိမ်ကျေးရွာအုပ်စု၊ ဆင်ဖြူကန်ကျေးရွာရှိ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဆင်းရွှေကြာ-၂ နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့် ထိန်းသိမ်းမြှင့်တင်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့ ညပိုင်းအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲသို့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် ရွေးကောက်ပွဲအဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်မရှင်အဖွဲ့ခွဲများအား ယနေ့နံနက်(၉)နာရီက မြို့‌တော်ခန်းမ၌တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးမှာကြားသည်။

တောင်ငူမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။

ကြို့ပင်ကောက်မြို့နယ်တွင် အပိုင်း (၃) ၌ ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း အပိုင်း(၃)၌ ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

သဲကုန်း​မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး (မွမ်းမံ) သင်တန်း ပဉ္စမအကြိမ် အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်း​​​ဒေသ​ကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်​ရေး (မွမ်းမံ) သင်တန်း (ပဉ္စမ)အကြိမ် အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေမီးသတ်စခန်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်မင်းထိုက် အရန်မီးသတ် တပ်ဖွဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ တပ်စုမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့်  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် တိုင်းရင်းသားပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၅ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး